ထိုအချိန်၌ သတိရပါ
ကျွန်တော်တို့၏သားဖြစ်သူ မူးယစ်ဆေးစွဲခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ကျွန်တော် တို့ ဇနီးမောင်နှံနှစ်ယောက် ခက်ခဲသောနေ့ရက်များစွာကို ကျော်ဖြတ်ခဲ့ရသည်။ နေ့စဉ် ဆုတောင်းလျက် သေးငယ်သောအမှုအရာများ၌ပင် ကျေးဇူးတော် ချီးမွမ်းတတ်လာ သည်။ တစ်ရက်တာအတွင်းတွင် မည်သည့်ဆိုးရွားသောအမှုများ မဖြစ်ပျက်လျှင်ပင် “ဒီနေ့တော့ ကောင်းတဲ့နေ့လေးတစ်နေ့ပေါ့” ဟု တစ်ဦးကို တစ်ဦး ပြောမိကြသည်။ သေးငယ်သောအမှု၌ပင်လျှင် ဘုရားသခင်၏မစမှုကို ကျေးဇူးတင်ချီးမွမ်းတတ်ရန် အရေး ကြီးလှသည်။
ဘုရားရှင်၏ ကရုဏာတော်နှင့် ကျွန်တော်တို့အပေါ် ထားသည့် ထိုကရုဏာတော်သည် မည်မျှအရေးပါသည်ကို ဆင်ခြင်ရန် ဆာလံ ၁၂၆း၃ ၌ “ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏” ဟူ၍ ရေးသားထားသည်။ ထိုကျမ်းပိုဒ်ကို နှလုံးသွင်းလျက် သခင်ယေရှု ကားတိုင်ပေါ်၌
ပြုပေးခဲ့သောအမှုကို ကျွန်တော်တို့ ပြန်လည် အောက်မေ့ သတိရအပ်သည်။ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့ရသော အခက်အခဲ…
ဘယ်အရာမှ ဖုံးကွယ်၍ မရပါ
၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သုတေသနပြုချက်အရ ကမ္ဘာတစ်ဝန်း၌ စီစီတီဗွီ ကင်မရာ ၂၄၅ သန်း တပ်ဆင်ထားပြီး နှစ်စဉ် ၁၅% တိုး၍ တပ်ဆင်လာကြောင်း ဖော်ပြထားသည်။ ထို့ပြင် ယနေ့လူသန်းပေါင်းများစွာတို့သည် မိမိတို့ အသုံးပြုသော စမတ်ဖုန်း များဖြင့် မွေးနေ့ပွဲမှအစ ခိုးဆိုးလုယက်မှုများအထိ ဓာတ်ပုံရိုက်မှတ်တမ်းတင် ကြည့်ရှုနိုင်ပြီဖြစ်သည်။ လူသားတို့၏လုံခြုံရေးအတွက် တိုးတက် ကောင်းမွန်မှုဟု ကျွန်ုပ်တို့သြဘာပေးသည် ဖြစ်စေ၊ တစ်ဘက်၌ မိမိတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်များ ဆုံးရှုံးရပြီဟု ပြစ်တင်ဝေဖန်သည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ကင်မရာများဖြင့် ပြည့်နှက်နေသည့် လူမှုအသိုက်အဝန်း၌ ရှင်သန်နေထိုင် နေရခြင်းက အမှန်ပင်ဖြစ်သည်။
ကျွန်ုပ်တို့နှင့်ဘုရားရှင်၏ ဆက်သွယ်ဆက်ဆံရေး တွင်မူ စီစီတီဗွီ နှင့်ကင်မရာများထက် သာလွန်ထင်ရှားစွာ ကျွန်ုပ်တို့ကို ပေါ်လွင်စေသော မိမိ၏အပြုအမူအတွက် မိမိ၌ မည်မျှတာဝန်ရှိကြောင်း ဟေဗြဲဩဝါဒစာ၌ ပြနေသည်။ “ဘုရားသခင်၏နှုတ်ကပတ်တရားသည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်…
တညီတညွတ်တည်း ပြုစုကြသည်
ကျွန်တော့်ချစ်ဇနီးက အလွန်ကောင်းမွန်လှသည့် ညနေစာကို ပြင်ဆင်လျက်ရှိသည်။ ပေါင်းအိုးထဲသို့ အသား၊ လှီးဖြတ်ထားသော ကန်စွန်းဥ၊ တရုတ်နံနံ၊ မှို၊ မုန်လာဥနီနှင့် ကြက်သွန်နီ စသည်တို့ကို ထည့်လိုက်သည်။ ၆ နာရီ (သို့) ၇ နာရီ ခန့်ကြာသော် မွှေးကြိုင်လှသည့် ဟင်းရနံ့က တစ်အိမ်လုံးကို သင်းပျံ့ကာ တစ်ဇွန်းမြည်းကြည့်သော် စိတ်ကြည်နူးကျေနပ်လေစွ၊ ဟင်းအမယ် တစ်ခုချင်းစီကို ချက်မည်ဆိုလျှင် မရနိုင်သောဤအရသာမျိုး၊ ဟင်းအမယ် အားလုံးစုံလင်စွာဖြင့် ချက်ပြုတ်ပြီး ရရှိလာသည့်ဟင်းကောင်း တစ်ခွက်၏အရသာမျိုးရသည်အထိ ကျွန်တော် စိတ်ရှည်စွာ စောင့်နိုင်ပါသည်။
ဒုက္ခဆင်းရဲခြင်းများက အကျိုးကျေးဇူးအလို့ငှာ တညီတညွတ်တည်းပြုစုသည်၊ “အတူတကွ ဆောင်ရွက်ဖြစ် စေသည်” ဟု တမန်တော် ရှင်ပေါလု သုံးနှုန်းသည့် စကားမှ
“ပေါင်းစည်းခြင်းအား” ဟူသည့်ဝေါဟာရကို ကျွန်တော်တို့ နားလည်ရသည်။ ရော ၈း၂၈ တွင် “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို…
ကြိုတင်ပြင်ဆင် မထားသော အကြင်နာပြမှု
အမေရိကန်စာရေးဆရာ အန်း ဟားဗက်က “ကြိုတင်ပြင်ဆင်မထားသော ကြင်နာမှုပြပါ။ မရည်ရွယ်သော ချစ်ဖွယ်အပြုအမူကို လေ့ကျင့်လုပ်ဆောင်ပါ” ဟူသော စာစုလေးကို ၁၉၈၂ ခုနှစ်က စားသောက်ဆိုင်တစ်ခု၌ အမှတ်တမဲ့ရေးခြစ်ခဲ့သည်ဟု ပြောစမှတ်
ပြုကြသည်။
အဘယ်ကြောင့်နည်း။ သူတစ်ပါးကို အဘယ့်ကြောင့် သနားကြင်နာမှု ပြရမည်နည်း။ ယေရှု၏ နောက်တော်လိုက် များအတွက် အဖြေက ရှင်းပါသည်။ ဘုရားရှင်၏နူးညံ့ သိမ်မွေ့သောကရုဏာနှင့် ကြင်နာမှုကို ပြသရန် ဖြစ်သည်။
ထိုအခြေခံသဘောတရားနှင့် စပ်လျဉ်းသော ဥပမာကို
ဓမ္မဟောင်းကျမ်းတွင် မောဘပြည်မှ ပြောင်းလာသည့် ရုသအကြောင်းဝတ္ထု၌ တွေ့ရှိရသည်။ သူနှင့် ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူညီသည့် တိုင်းတစ်ပါး၌ ရုသသည် နိုင်ငံခြားသားတစ်ဦးဖြစ်သည်။ ထိုထက်မက သူသည် လွန်စွာဆင်းရဲပြီး သူ့ကို ဂရုတစိုက်မရှိလှသည့် လူများ၏ စွန့်ကြဲပေးကမ်းမှုအပေါ် လုံးလုံးအမှီပြုနေရသည်။
သို့သော် ရုသကို ကျေးဇူးပြုပြီး နှစ်သိမ့်စကားဆိုသူ ဣသရေလလူတစ်ယောက် ရှိပါသည်…
ဟောင်းသော်လည်း သစ်လွင်ကောင်းသော
၂၀၁၄ ခုနှစ်၌ ကင်တာကီ ပြည်နယ် အမျိုးသားကောဗက်ကားပြတိုက်နေရာ၌ မြေကျွံသွားသည့်အတွက် ပြန်အစားထိုး၍မရအောင် အဖိုးတန်သည့် ရှယ်ဗရိုလေး ကောဗက် ပြိုင်ကား ၈ စီး မြေအောက်သို့ ရောက်သွားသည်။ ကားများသည် အကြီးအကျယ် ပျက်စီးသွားပြီး အချို့ဆိုလျှင် ပြုပြင်၍ပင် မရနိုင်တော့ပါ။
ကားများအနက် ၁၉၉၂ ခုနှစ်၌ ကားတပ်ဆင်ရုံမှ ထုတ်လာသည့် အစီးရေ တစ်သန်းမြောက် ကောဗက်ကား မှာ အထူးဂရုပြုအာရုံစိုက်ခံခဲ့ရပြီး ၎င်းသည် တန်ဖိုးအမြင့်ဆုံး
စုဆောင်းမှုတစ်ခုဖြစ်သည်။ ယင်းကို မြေကြီးထဲမှပြန်ထုတ် ပြီးနောက် စိတ်ဝင်စားစရာအဖြစ်မှာ ကျွမ်းကျင်သူများက ကား၏မူလအစိတ်အပိုင်းများကို အဓိကထားပြန်သုံးပြီး အသစ်အနေအထားအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင် ခဲ့သည်။ ဤကားအလှပဂေးလေးမှာ ပုံပျက်ပန်းပျက် ဖြစ်သွား
သော်လည်း ယခုအချိန်တွင် ၎င်းကို ထုတ်လုပ်သည့်နေ့က ကဲ့သို့ပင် အကောင်းပကတိအတိုင်း တွေ့ရသည်။
ကားက အိုဟောင်းပြီး ပျက်စီးသွားသော်လည်း အသစ်ပြန်ဖြစ်သွားသည်။
ဤအရာက ယုံကြည်သူများအတွက်…
သင့်ဝန်ထုပ်ကို ချလိုက်ပါ
တောလမ်းလေးအတိုင်း ပစ်ကပ်ထရပ်ကားလေး မောင်းလာသူတစ်ဦးက လေးလံသော အထုပ် သယ်လာသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၍ ကားရပ်ပြီး ကားကြုံတင်ခေါ်ခဲ့ သည်။ အမျိုးသမီးက ကျေးဇူးတင်ကြောင်းပြသပြီး ကားနောက်ခန်းမှလိုက်ပါခဲ့သည်။
ခဏကြာသော် ထိုလူက ထူးဆန်းနေသည်ဟု ခံစားမိသည်။ ထိုအမျိုးသမီးသည် ကားထဲထိုင်နေသော်လည်း သူ့အထုပ်ကြီးကို သယ်ထားဆဲ ဖြစ်သည်။ အံ့အားသင့်လျက် သူက “အစ်မကြီးရယ်၊ ကျေးဇူးပြုပြီး အထုပ်ကိုချပြီး သက်သက်သာသာနေပါ။ ကျွန်တော့်ကားက အစ်မကိုရော အထုပ်ကိုရော သယ်ပေးနိုင် ပါတယ်။ သက်သောင့်သက်သာနေပါ” ဟု ပြောလိုက်သည်။
စိုးကြောက်စရာများ၊ ပူပန်စရာများ၊ စိုးရိမ်စရာများ စသောဝန်ထုပ်များကို ကျွန်ုပ်တို့ မည်သို့ကိုင်တွယ်ဖြေရှင်း ကြသနည်း။ ဘဝ၏အခက်အခဲများစွာကို ဖြတ်ကျော် ရုန်းကန်ရင်း ၎င်းတို့ကို သယ်ဆောင်သွားနေသလား။ သခင့်အထံတော်၌ သက်သောင့် သက်သာ အပန်းဖြေမည့်အစား အဆိုပါအမျိုးသမီးကဲ့သို့ ကျွန်ုပ်လည်း တစ်ခါတစ်ရံ ပြုမူတတ်ပါသည်။ သခင်ယေရှုက “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊…
ကျွန်ုပ်တို့၏ အထောက်အပံ့ အရင်းအမြစ်
၂၀၁၀ ခုနှစ် ဩဂုတ်လတွင် ချီလီနိုင်ငံ ကိုပီယာပိုဒေသအနီးရှိ မိုင်းတွင်းအရေးကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့သည်။ မိုင်းတွင်းလုပ်သား ၃၃ ဦးမှာ မြေအောက် ပေ ၂၃၀၀ ၌
ပိတ်မိနေပြီး အမှောင်ထုထဲ၌ စုနေကြရသည်။ အကူအညီ ရောက်မည် မရောက်မည်ကို မည်သူမျှ မသိကြပါ။ ၁၇ ရက်ကြာ စောင့်ဆိုင်းပြီးနောက် လွန်ပူတူးသံကို ကြားခဲ့ရ
သည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မိုင်းတွင်း၏ မျက်နှာကျက်၌ အပေါက်လေးတစ်ပေါက် ဖောက်နိုင်ခဲ့ပြီး နောက်ထပ် အပေါက် ၃ ပေါက်ကို ထပ်ဖောက်ကြသည်။ ထိုအပေါက်များမှ အစားအစာ၊ ရေနှင့် ဆေးဝါးများကို ချပေးနိုင်ခဲ့သည်။ မိုင်းတွင်းလုပ်သားများသည် ထိုအပေါက် များကို အမှီပြုပြီး သူတို့အသက်ဆက်ရန် မြေပြင်ပေါ်ရှိ ကယ်ဆယ်ရေးများ၏အထောက်အပံ့ကို ရယူရသည်။ ၆၉ ရက် မြောက်နေ့တွင် ကယ်ဆယ်ရေးများက နောက်ဆုံးသော လုပ်သားကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။…
ဂုဏ်ပြုချီးမွမ်းရမည့်သူ
နွားစာခွက်တွင် သခင်ယေရှု ဖွားမြင်တော်မူခြင်း မြင်ကွင်းအများစု၌ ဗက်လင်မြို့ သူငယ်တော် ယေရှုထံ လာရောက်ကြသော မာဂု ပညာရှိသုံးပါးနှင့် သိုးထိန်းများကို တစ်ပါတည်း ဖော်ပြတတ်ကြသည်။ သို့သော် ဤအကြောင်းကို ရှင်မဿဲခရစ်ဝင်ကျမ်း တစ်ခုတည်း၌ ဖော်ပြထားပြီး ကျမ်းစာအရ မာဂုပညာရှိများသည်
နောက်ပိုင်းမှ ရောက်ရှိလာကြသည်။ ၎င်းတို့ရောက်လာချိန်၌ သူငယ်တော် ယေရှုသည် နွားတင်းကုပ်ရှိ နွားစာခွက်တွင် ရှိမနေ တော့ပါ။ အိမ်ထဲမှာ ရှိနေပါသည်။ “အိမ်သို့ဝင်လေသော် မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍ မိမိတို့ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ် ပူဇော်ကြ၏” ဟု မ ၂း၁၁ က ပြောထားပါသည်။
နှစ်သစ်ကို ကျွန်ုပ်တို့အစပြုသည်တွင် မာဂု ပညာရှိများ
နောက်ပိုင်းမှ ရောက်လာကြသည့် အကြောင်းကို သိရှိ ရခြင်းက ကျွန်ုပ်တို့အမှတ်ရရမည့်…
ဘုရားသခင်၏အသံ နားထောင်ခြင်း
သားငယ်လေး၏ အမည်ကို အသံကျယ်ကျယ်၊ အသံမာမာနှင့် အော်ခေါ်ရင်း နောက်ဆက်တွဲ မေးခွန်း “မင်း ဘယ်မှာလဲ” ဟူသောအသံမှလွဲ၍ ကျန်အချိန်များ၌ ကျွန်မ၏အသံကို သားငယ်က နားထောင်ချင်ပါသည်။ သားငယ်လေးက မကောင်းသည့် အရာကိုလုပ်ပြီး ကျွန်မ မသိအောင် လျှို့ဝှက်ထားခြင်းကြောင့် ကျွန်မက ဤသို့ မကြာခဏ အော်ခေါ်ရခြင်းဖြစ်သည်။ သားငယ်လေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကောင်းစားပြီး ထိခိုက်ဒဏ်ရာ မရစေလိုသောကြောင့် ကျွန်မခေါ်သံကို သားငယ်လေးအား ကြားစေလိုသည်။ နားထောင်စေလိုသည်။
ဥယျာဉ်တော်ထဲ၌ ဘုရားသခင်၏အသံတော်ကို အာဒံနှင့်ဧဝတို့ ကြားနေကျဖြစ်မည်။ သို့သော် တားမြစ်ထား သော အသီးကိုစားပြီး ဘုရားသခင်အား နာခံမှုမရှိတော့ သည့် အချိန်တွင် “သင်သည် အဘယ်မှာ ရှိသနည်း” ဟူသော ဘုရားသခင်၏ ခေါ်သံကို ကြားသော်လည်း (က ၃း၉) ဘုရားသခင့်အထံတော်မှ သူတို့ပုန်းရှောင်နေကြသည်။ ဘုရားသခင် တားမြစ်ထားသည့်အရာကို ကျူးလွန်လုပ်မိပြီဟု သူတို့…
ဆပွားဆင့်ပွားသော ချစ်မေတ္တာ
ကာရင်၏ အသင်းတော်မှ အမျိုးသမီးတစ်ဦးသည် ကြွက်သားများ အားနည်းချိနဲ့ကာ အလုပ်မလုပ်တော့သည့် ရောဂါဖြစ်နေကြောင်း တွေ့ရှိလိုက်ရသောအခါ အခြေအနေက ဆိုးရွားအကျည်းတန်လှသည်။ ဤရက်စက်လှသည့် ရောဂါဆိုးက အာရုံကြောများ ကြွက်သားများကို ထိခိုက်ဖျက်ဆီးပြီး နောက်ဆုံးတွင် ကိုယ်လက်ခြေသေသည့်အဖြစ်သို့ ရောက်သွားနိုင်သည်။ မိသားစုများ၏အာမခံငွေက လူနာကို အိမ်၌ ထားပြီး ဆရာဝန်ခေါ် ပြုစုကုသရန်လည်း မလောက်ငှ၊ စိတ်ထိခိုက်ခံစားရသော လူနာ၏ခင်ပွန်းသည်ကလည်း ဇနီးသည်ကို ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ရမည် ဟူသော အတွေးဖြင့် မခံစားနိုင်ဖြစ်နေသည်။
သူနာပြုတစ်ဦးအနေဖြင့် ကာရင် ၌ လူနာကို ကူညီ နိုင်သည့် အတတ်ပညာရှိပြီး ထိုအမျိုးသမီးအိမ်သို့ စတင် သွားရောက်ပြီး ပြုစုစောင့်ရှောက်မှုပေးခဲ့သည်။ သို့သော် မိတ်ဆွေ လူနာအမျိုးသမီး၏လိုအပ်ချက်များကို ကူညီပေး နေလျှင် ကာရင် အနေဖြင့် မိမိ၏မိသားစုဝတ္တရားများ လစ်ဟင်း ကုန်ကြောင်း တွေ့လာသည်။ သို့ဖြစ်၍ အသင်းတော်ရှိ အခြားသူများလည်း ၀င်ရောက်ကူညီနိုင်အောင် ၎င်းတို့ကို…